1. Songs

227. နေ့ရက်များ လွန်သွားစဉ်ကျူး

Myanmar Hymn

Verse 1

ညှိုးငယ်သောသူများကို မစ၊ နေ့ရက်များ လွန်သွားစဉ်၊

မောပန်းဝိညာဉ်များ ဆုံးရကြ၊ နေ့ရက်များ လွန်သွားစဉ်၊

ငါတို့ခရီး လမ်းလျှောက်စဉ်၊ ဝမ်းမြောက်ရွှင်လန်းရယ်လျက်နှင့်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

Chorus 1

နေ့ရက်များ လွန်သွားစဉ်၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

Verse 2

ချည်းနှီးသက်သက်ချိန်မကုန်စေ၊ နေ့ရက်များ လွန်သွားစဉ်၊

သင့်မျက်နှာ နံနက်လိုဖြစ်စေ၊ နေ့ရက်များ လွန်သွားစဉ်၊

လောကမှာ ဝမ်းနည်းခြင်းများ၊ ငိုကြွေးပူပန်ခြင်း ပြည့်ကြ၊

လဲသော ညီအစ်ကို မစ၊ နေ့ရက်များ လွန်သွားစဉ်။

Chorus 3

နေ့ရက်များ လွန်သွားစဉ်၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

Verse 4

ချစ်ခြင်းဖြင့် ချည်နှောင်လေသမျှ၊ နေ့ရက်များ လွန်သွားစဉ်၊

ငါတို့်သည် စွန့်ပစ်ထားရကြ၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းသောမျိုးစေ့ စိုက်သမျှ၊ အလင်းနှင့် အရိပ်အောက်မှာ၊

ပေါက်၍ ငါတို့ဝမ်းမြောက်ရ၊ နေ့ရက်များ လွန်သွားစဉ်။

Chorus 5

နေ့ရက်များ လွန်သွားစဉ်၊ နေ့ရက်များ လွန်သွားစဉ်၊

ကောင်းမှုများ ပြုရကြလျှင်၊ နေ့ရက်များ လွန်သွားစဉ်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs