1. Songs

၂၄၄။ သူရဲကဲ့သို့ရပ်ကျူး

Myanmar SDA Hymnal

Verse 1

ခရစ်ယာန်နိုးလော့၊ သခင်မိန့်တော်ဖြစ်ပေ၊

သံခမောက်ဒိုင်းလွှားနှင့်ဓါးများလက်စွဲလေ၊

မာရ်နတ် နှင့်ပြိုင်ရန်ရဲရင့်စွာချီတက်ကြ၊

သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။

Chorus 1

သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊

သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။

Verse 2

ဘေးနှင့်ကြုံကြိုက်သော်သတိပြုဖို့ရန်မှာ၊

နောက်သို့မလှည့်ရာကွယ်ကာရာမရှိပါ၊

ထောင်သောင်းသောမှောင်တပ်ကိုသင်အောင်လိုမူက၊

သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။

Chorus 3

သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊

သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။

Verse 4

သခင်အမှုကိုစိတ်အားကြီးစွာခုခံ၊

စိတ်ထက်သန်လျက်စောင့်အဆုံးတိုင်အောင်တိုက်လှန်၊

ကိုယ်တော်ရှေ့ဆောင်လျှင်စွမ်းသတ္တိနှင့်တက်ရ၊

သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။

Chorus 5

သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊

သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။

Verse 6

သင့်ဗိုလ်ချုပ်နီး၏ကျေးဇူးပြုတော်မူမည်၊

ယုံမှားကင်းလျက်တိုးနှစ်သိမ့်ဝမ်းသာစေမည်၊

မေတ္တာတော်ကန္တာရတွင်မြစ်လိုစီးကျ၊

သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။

Chorus 7

သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊

သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs