1. Songs

၄၆။ မေတ္တာတော်မြတ်ကျူး

Myanmar SDA Hymnal

Verse 1

မေတ္တာတော်မြတ်သာလွန်မေတ္တာ၊

ကောင်းကင်မှမြေသို့ကြွလာ

အကျွန်ုပ်တို့နေအိမ်ကုပ်မှာ၊

ကရုဏာတော်ကိန်းအောင်းပါ။

ယေရှုကိုယ်တော်ကြွယ်ဝမေတ္တာ၊

အနန္တမေတ္တာရှင်မှာ။

ကယ်တင်ခြင်းနှင့်ကြွလာမူရှာ၊

တုန်လှုပ်စိတ်ထဲစံမူပါ။

Verse 1

ကိုယ်တော်ချစ်ခြင်းဝိညာဉ်သွန်းလေ၊

သောကပူပန်စိတ်တို့တွင်။

ကျေးဇူးတော်များအမွေခံစေ၊

ကတိတော်ချမ်းသာနားဝင်။

ဒုစရိုက်အလိုများပယ်ရှား၊

အာလဖနှင့်ဩမေဃ။

စိတ်လွတ်ခြင်းအခွင့်ပေးသနား၊

ယုံခြင်းအဆုံးနှင့်အစ။

Verse 2

ကယ်ချွတ်ရန်စွမ်းကြီးသောအရှင်၊

ကျွန်ုပ်တို့ကျေးဇူးခံစေ။

လျင်မြန်ဆင်းလျက်ကျွန်ုပ်ထဲတွင်၊

ဗိမာန်ကိုစွန့်ပယ်နှင့်လေ။

ကိုယ်တော်ကိုအစဉ်ချီးမွမ်းလို၊

ကောင်းကင်ဗိုလ်ခြေတူစွာလေ။

ဆုတောင်းနေလျက်မေတ္တာတော်ကို၊

ချီးမြှောက်ရန်မပြတ်လိုပေ။

Verse 3

အသစ်ဖန်ဆင်းပြီးစေမူလို၊

ကျွန်ုပ်တို့သန့်ရှင်းစုံလင်။

ကိုယ်တော်ကယ်တင်ခြင်းတရားကို၊

ပြည့်စုံတည်ကြည်ခြင်းမြင်ချင်။

ကောင်းကင်ဘုံသို့ရောက်သည်တိုင်အောင်၊

ဘုန်းတော်မှဘုန်းတော်ဝင်မှာ။

သရဖူများရှေ့တော်ပို့ဆောင်၊

အံ့ဩချီးမွမ်းကြပေမည်။

Present this song in WorshipOne →Ready-made slides, chord transposition and mobile remote control.
Share
Transpose in WorshipOneEdit in WorshipOne

More Myanmar songs